MM
စည်းမျဉ်းစည်းကမ်းများ
စည်းမျဉ်းစည်းကမ်းများ
စည်းမျဉ်းစည်းကမ်းများအကျဉ်းချုပ်
ပါဝင်နိုင်မည့်သူများ။ ။ မြန်မာနိုင်ငံအတွင်းနေထိုင်သူဖြစ်ရမည်။ အသက် ၁၈ နှစ်နှင့်အထက် ပြည့်ပြီးသူဖြစ်ရမည်။
Promotion ကာလ။ ။ (၀၃/၁၀/၂၀၂၃) ရက်နေ့ မှ (၃၁/၀၆/၂၀၂၄) ရက်နေ့ ညနေ ၁၁း၅၉ အထိကာလအတွင်း၌ လစဉ် ၁ ရက်နေ့ နံနက် ၁၂း၀၀ မှ လစဉ် နောက်ဆုံးရက် ညနေ ၁၁း၅၉ အထိ။
သင်သည် Email Invitation သို့မဟုတ် SMS Invitation ရရှိထားသော AIA Member ဖြစ်ခဲ့လျှင်ဖြစ်စေ၊ AIA Myanmar x Spurs – Player of the Month Promotion (“Promotion”) ကို လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရှိခဲ့လျှင်ဖြစ်စေ၊ သင့်မိသားစု သို့မဟုတ် သူငယ်ချင်းတစ်ဦးဦးထံမှ ဤ Promotion အကြောင်းကိုသိရှိခဲ့လျှင်ဖြစ်စေ၊ ဤပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။ ယင်းကဲ့သို့ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် တစ်စုံတစ်ရာ ဝယ်ယူရန်သို့မဟုတ် ငွေပေးချေရန် မလိုအပ်ပါ။ သို့သော် ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်အတွက် အင်တာနက်ကွန်ရက်အားအသုံးပြုရန် လိုအပ်သည်။
ဆုလက်ဆောင်များ။ ။ တော့တင်ဟမ်ဘောလုံးအသင်းမှလက်မှတ်ရေးထိုးထားသော ဂျာစီ (သို့) Smart Watch။ လူတစ်ဦးလျှင် လစဉ်အများဆုံး ဝင်ခွင့် (၁) ကြိမ်နှင့် ဆု (၁) ဆုသာရရှိနိုင်မည်ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းများနှင့် ဆုလက်ဆောင်များအကြောင်းကို အသေးစိတ်သိရှိလိုပါက https://aiaspurs.com/mm/playerofthemonth/terms သို့ ဝင်ရောက် ကြည့်ရှု လေ့လာနိုင်ပါသည်။
Promoter – AIA Myanmar Life Insurance Company Limited (“AIA Myanmar”)
ဤPromotionတွင် ပါဝင်ခြင်းအားဖြင့် ပါဝင်သူများသည် -
အောက်ဖော်ပြပါ စည်းမျဉ်းသတ်မှတ်ချက်များကို ကိုယ်တိုင်ဖတ်ရှု၊ နားလည်၊ သဘောတူပြီး ဖြစ်ကြောင်းနှင့် AIA MYANMAR မှ ဤPromotion နှင့်စပ်လျဉ်း၍ ချမှတ်သည့် မည်သည့်ဆုံးဖြတ်ချက်ကိုမဆို လိုက်နာရန် သဘောတူပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။
ဤ Promotion တွင်ပါဝင်ခြင်းဖြင့် AIA Myanmar မှ သင်၏ ကိုယ်ရေးအချက်အလက်များကို ၎င်း၏ သတင်းအချက်အလက်လုံခြုံရေးဆိုင်ရာမူဝါဒများနှင့်အညီ စုဆောင်းခွင့်၊ (အကန့်အသတ်မရှိ စီမံခန့်ခွဲခြင်း အပါအဝင်) အသုံးပြုခွင့်၊ ဖော်ပြခွင့်တို့ကို သဘောတူခွင့်ပြုထားပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။
ပါဝင်သူများအနေဖြင့် ဤ Promotion နှင့်စပ်လျဉ်း၍ AIA Myanmar မှ အခါအားလျော်စွာ သတ်မှတ်၊ အတည်ပြု၊ ချမှတ်ထားသည့် သို့မဟုတ် ပြင်ဆင်သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ စည်းမျဉ်းများ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပြင်ဆင်သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။
စည်းမျဉ်းစည်းကမ်းအပြည့်အစုံ
၁။ ဤPromotionတွင် အသက် (၁၈) နှစ်ပြည့်ပြီးသော မြန်မာနိုင်ငံအတွင်းနေထိုင်သူအားလုံး ပါဝင်ယှဉ်ပြိုင်နိုင်သည်။ (Promoter ၏ ဝန်ထမ်းများ၊ အေးဂျင့်များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါ)
၂။ Promotionတွင်ပါဝင်ယှဥ်ပြိုင်နိုင်ရန်အတွက် တစ်စုံတစ်ရာ ဝယ်ယူရန် သို့မဟုတ် ငွေပေးချေရန် မလိုအပ်ပါ။ သို့သော် အင်တာနက်ကွန်ရက်နှင့် အီးမေး(လ်) လိပ်စာ (သို့မဟုတ်) ဖုန်းနံပါတ်လိုအပ်မည်ဖြစ်ပါသည်။
၃။ Promotion ကာလ။ ။(၀၃/၁၀/၂၀၂၂) ရက်နေ့ မှ (၃၁/၀၆/၂၀၂၃) ရက်နေ့ ညနေ ၁၁း၅၉ အထိကာလအတွင်း၌ လစဉ် ၁ ရက်နေ့ နံနက် ၁၂း၀၀ မှ လစဉ် နောက်ဆုံးရက်၏ ညနေ ၁၁း၅၉ အထိ ဝင်ရောက်ပါဝင်နိုင်မည် ဖြစ်ပါသည်။
၄။ ပါဝင်ယှဉ်ပြိုင်ရန်။ ။ (https://aiaspurs.com/mm/playerofthemonth) သို့ သွားရောက်၍သင်ကြိုက်နှစ်သက်ရာ Tottenham Hotspur ဘောလုံးအသင်း၏တစ်လတာအကောင်းဆုံးကစားသမားအား မဲပေး ရွေးချယ်ပါ။ ပြီးလျှင် ကိုယ်ရေးအချက်အလက်များဖြစ်သော နာမည်အပြည့်အစုံ၊ အီးမေးလ်လိပ်စာ၊အသက်၊လိင်၊ နိုင်ငံနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ ဖုန်းနံပါတ်စသည်တို့ကို ပြည့်စုံမှန်ကန်စွာဖြည့်သွင်းခြင်းဖြင့် ဆုလက်ဆောင်များကံထူးခွင့်တွင် ပါဝင်နိုင်ရန်အတွက် ကံထူးခွင့် (၁) ကြိမ် ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် အွန်လိုင်းစစ်တမ်းကို ဖြေဆိုခြင်းဖြင့် ကံထူးခွင့်အပို (၁၀) ကြိမ်ကို Promotion ကာလအတွင်းတွင် ထပ်မံရရှိနိုင်မည်ဖြစ်ပြီး Spurs အသင်း Online Store တွင်အသုံးပြုနိုင်မည့်(၁၅%) Spurs Discount Code ကိုလည်း မေတ္တာလက်ဆောင်အနေဖြင့် ရရှိသွားမည်ဖြစ်သည်။ အဆိုပါ Spurs Discount Code အားအသုံးပြုနိုင်မှုနှင့် စပ်လျဉ်း၍ Spurs အသင်း Online Store ၏ စည်းမျဉ်းသတ်မှတ်ချက်များနှင့်သာ သက်ဆိုင်ပြီး ယင်းကိစ္စနှင့် ပတ်သက်၍ အခက်အခဲ၊ အငြင်းပွားမှု၊ နစ်နာမှု တစ်စုံတစ်ရာဖြစ်ပေါ်လာခဲ့ပါက Promoter တွင်တာဝန်မရှိစေရ။
၅။ Promotion ကာလအတွင်း၌ လူတစ်ဦးကို တစ်လလျှင် (၁) ကြိမ်သာ ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။
၆။ ဆုလက်ဆောင်များ။ ။ လစဉ် ကံထူးသူ winner (၁) ဦးအားရွေးချယ်သွားမည်ဖြစ်ပြီး ကံထူးသူ winner အနေဖြင့် Tottenham Hotspur ဘောလုံးအသင်းမှလက်မှတ်ရေးထိုးထားသော ဂျာစီ တစ်ထည် (သို့) Smart Watch တစ်လုံး ဆုလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။
၇။ ကံထူးသူရွေးချယ်ခြင်း။ ။Promotion ကာလအတွင်း ပါဝင်မဲပေးသူများအားလုံးထဲမှ ကံထူးသူ winner (၁) ဦးကို ကျပန်းစနစ်ဖြင့်ရွေးချယ်သွားမည်ဖြစ်သည်။ ပါဝင်သူများအားလုံးအတွက် မျှတမှုရှိစေရန် ကံထူးသူ winner (၁) ဦးကို random number generator ဖြင့် Promotion ကာလကုန်ဆုံးပြီး ရုံးဖွင့်ရက် (၁၀) ရက်အတွင်း ရွေးချယ်ပေးသွားမည် ဖြစ်ပါသည်။
၈။ ကံထူးသူထံအကြောင်းကြားခြင်း။ ။ ကံထူးသူ winner များကို ကျပန်းရွေးချယ်ပြီးနောက် ရုံးဖွင့်ရက် (၅) ရက်အတွင်း အီးမေးလ်မှသော်လည်ကောင်း၊ ဖုန်းဖြင့်သော်လည်ကောင်း၊ လူမှုကွန်ရက်တို့မှတစ်ဆင့်သော်လည်ကောင်း၊ ဆက်သွယ်အကြောင်းကြားသွားမည်ဖြစ်ပြီး ကံထူးသူ winner များအနေဖြင့် ၎င်းတို့၏ကိုယ်ရေးကိုယ်တာနှင့် ပါဝင်ယှဉ်ပြိုင်ထားသော အထောက်အထားများကို ပြသရမည်ဖြစ်ပါသည်။ ဆုရရှိသူများကို အကောင်းဆုံး ကြိုးစားပြီး ဆက်သွယ်ပေးမည်ဖြစ်သည်။ ကံထူးသူ winner များအနေဖြင့် စတင်ဆက်သွယ်ခြင်းခံရသည့်နေ့မှ (၁၄) ရက်အတွင်း ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့လျှင် ဆုလက်ဆောင်များကို ကျပန်းရွေးချယ်ထားသော အခြားသူတစ်ဦးတစ်ယောက်ထံသို့ Promoter မှ ဆက်လက်လွှဲပြောင်းပေးပိုင်ခွင့်ရှိသည်။ ထိုသို့ လွှဲပြောင်းပေးအပ်ခြင်းခံရသူအတွက် သတ်မှတ်ထားသည့် တုံ့ပြန်ချိန်သည် ကနဦးကံထူသူ winner များထက် ပိုမိုနည်းပါးနိုင်ပါသည်။
၉။ ဆုလက်ဆောင်လက်ခံရယူခြင်း။ ။ ကံထူးသူ winner မှ ဆုလက်ဆောင်များကိုလက်ခံရယူရန် သဘောတူပြီးနောက် (၂၈) ရက်အတွင်းတွင် ၎င်းကံထူးသူ winner များထံသို့ ဆုလက်ဆောင်များကို လာရောက်ပေးပို့ရန်အတွက် ဆက်သွယ်မည်ဖြစ်သည်။ အကယ်၍ ကံထူးသူ winner များမှ ဆုလက်ဆောင်များကိုလက်ခံရယူရန် သဘောတူပြီးနောက် (၂၈) ရက်အတွင်းတွင် ဆက်သွယ်မှုတစ်စုံတစ်ရာရရှိခဲ့ခြင်းမရှိပါက အဆိုပါ (၂၈) ရက်အပြီး နောက် (၂၈) ရက်အတွင်း၌ thant-t.thiha@aia.comထံသို့ အီးမေး(လ်) ပေးပို့ခြင်းဖြင့် Promoter အားဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကံထူးသူ winner များအနေဖြင့် Promoter အား ယင်းကဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းမရှိပါက Promoter မှ ဆုလက်ဆောင်များကို ပြန်လည်မထုတ်ပေးပိုင်ခွင့် (သို့) ဆုလက်ဆောင်များ၏တန်ဖိုးကို ကန့်သတ်ပိုင်ခွင့် ရှိစေရမည်။ ဤ Promotion နှင့် စပ်လျဉ်း၍ Promoter ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး အတည်ဖြစ်မည်ဖြစ်ပြီး ယင်းဆုံးဖြတ်ချက်အား ကန့်ကွက်မှု တစ်စုံတစ်ရာမရှိစေရ။
၁၀။ ဤ Promotion တွင် ပါဝင်ခဲ့သည့် ကံထူးသူ winnerများကို Promoter မှ လူသိရှင်ကြားကြေညာမှုများပြုလုပ်ရာတွင် သင့်လျော်သလို ပါဝင်ပေးရန် တောင်းဆိုနိုင်ပါသည်။
၁၁။ Promoter အနေဖြင့် ပါဝင်သူများအားလုံးအတွက် တရားမျှတ၍ စိတ်ချယုံကြည်ရသော Promotion တစ်ခုကို စီစဉ်ကျင်းပပေးနိုင်ရန် ကြိုးပမ်းလျက်ရှိရာ Promotion အတွင်း မတရားသောယှဉ်ပြိုင်မှုမျိုးနှင့် လိမ်လည်လှည့်စားမှုများကင်းရှင်းစေရန် ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်သည်။ အကယ်၍ သင်သည် ဤစည်းမျဥ်းစည်းကမ်းများနှင့် မကိုက်ညီသောနည်းလမ်းများအသုံးပြု၍ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါက သင်၏ ပါဝင်မှုများ (နှင့် သင်၏ဆက်စပ်သောအမည်များ၏ ပါဝင်မှုများအားလုံး) ကို Promotion မှ ဖယ်ရှားပြီး သင့်အားချီးမြှင့်ထားသော မည်သည့်ဆုလက်ဆောင်ကိုမဆို ပျက်ပြယ်စေပြီး Promoter မှ ယင်းဆုလက်ဆောင်များကို ပြန်လည်သိမ်းယူသွားမည်ဖြစ်သည်။ ထို့အပြင် Promoter မှ သင့်အား ဤ Promotion အပြီး အနည်းဆုံး ခြောက်လအတွင်း ကျင်းပသည့် မည်သည့် Promotion များတွင်မဆို သင်၏ဝင်ရောက်ယှဉ်ပြိုင်ခွင့်အား ပိတ်ပင်တားမြစ်ပိုင်ခွင့်ရှိသည်။ ထိုကဲ့သို့ ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် Promoter ထံ၌ အောက်ပါလုပ်ပိုင်ခွင့်များ ရှိမည်ဖြစ်သည်။
(က) တရားမျှတ၍ စိတ်ချယုံကြည်ရသော Promotion တစ်ခုကို ပြုလုပ်ဆောင်ရွက်နိုင်ရန်အလို့ငှာ ကျိုးကြောင်းဆီလျော်ပြီး လိုအပ်သည့် အချက်အလက်များကို ပါဝင်ယှဉ်ပြိုင်သူများထံမှ တောင်းဆိုခြင်းဖြင့် ပြိုင်ပွဲဝင်များ နှင့်/သို့မဟုတ် ယာယီဆုရရှိသူ (provisional winner)များ၏ အရည်အချင်းပြည့်မီမှုကို အတည်ပြုနိုင်သည်။ စိစစ်မှု ကျေနပ်လောက်ဖွယ် မပြီးမချင်း ဝင်ခွင့် သို့မဟုတ် ဆုလက်ဆောင်များပေးအပ်ခြင်းကို ဆိုင်းငံ့ထားနိုင်သည်။
(ခ) Promotion အားဝင်ရောက်ယှဉ်ပြိုင်သူမှ ကိုယ်တိုင်/တိုက်ရိုက် ပါဝင်ထားခြင်းမျိုးမဟုတ်သည့် ပါဝင်မှုများကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
(ဂ) GuerillaMail၊ Dispostable နှင့်Mailinatorကဲ့သို့သော အသုံးပြုသူ၏ အမည်ကို ဖော်ပြခြင်းမရှိသည့် အီးမေး(လ်)ဝန်ဆောင်မှုများကို အသုံးပြု၍ ပါဝင်ခဲ့မှုများကို ပယ်ဖျက်ပိုင်ခွင့်ရှိသည်။
(ဃ) လူတစ်ဦးတည်းမှဖြစ်စေ၊ ကုန်သွယ်မှုနှင့် စားသုံးသူအုပ်စုများမှဖြစ်စေ၊ အခြားပြင်ပအဖွဲ့အစည်းများမှဖြစ်စေ ပါဝင်မှုများစွာကို တစ်ပြိုင်နက်တည်း တင်သွင်းလာသောပါဝင်မှုများ၊ ပြည့်စုံမှန်ကန်မှုမရှိသောပါဝင်မှုများနှင့် အခြားအလိုအလျောက်နည်းလမ်းများဖြင့် တင်သွင်းလာသောပါဝင်မှုများကို ကန့်သတ်ပိတ်ပင်ပိုင်ခွင့်ရှိသည်။
(င) အများဆုံးခွင့်ပြုထားသည့်ပါဝင်မှုအရေအတွက်ထက် ကျော်လွန်သည့် ပါဝင်မှုများ (သို့မဟုတ်) 'script'၊ 'brute force'၊ SIM ကတ်အများအပြားအသုံးပြု၍ပါဝင်ယှဉ်ပိုင်ခြင်း (သို့မဟုတ်) တစ်ခုထက်ပိုသော IP address များကို ကြိုးကိုင်ခြယ်လှယ်ခြင်းဖြင့် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ဖုံးကွယ်ကာ မိမိ၏ကိုယ်ပိုင်နာမည်ကိုအသုံးမပြုဘဲ အခြားအမည်များအသုံးပြုခြင်း (သို့မဟုတ်) အခြားသော မတရားသည့်နည်းလမ်းများအသုံးပြု၍ပါဝင်ခြင်း စသည့်ပါဝင်မှုများကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။
(စ) တစ်နည်းတစ်ဖုံအားဖြင့် ဤစည်းမျဥ်းစည်းကမ်းများတွင်ဖော်ပြပါရှိသည့် လိုအပ်ချက်များနှင့် ပြည့်မီခြင်းမရှိသော ပါဝင်မှုများကို ငြင်းပယ်ခွင့်ရှိသည်။
၁၂။ ဆုလက်ဆောင်များကို အခြားသူထံသို့ လွှဲပြောင်းခွင့်၊ ငွေကြေးဖြင့်သော်လည်းကောင်း၊ အခြားသောအစားထိုးပေးလျော်မှု တစ်ရပ်ရပ်ဖြင့်သော်လည်းကောင်း လဲလှယ်ခွင့်ပြုမည်မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ကံထူးသူ winner ထံသို့ ၎င်းရသင့်ရထိုက်သည့် ဆုလက်ဆောင်များကို Promoter မှ ပေးအပ်နိုင်ခြင်းမရရှိခဲ့ပါက Promoter သည် ယင်းဆုလက်ဆောင်ပေးအပ်မည့်အစား အခြားသော တန်ဖိုးတူ (သို့) တန်ဖိုးပိုမိုမြင့်မားသည့် ဆုလက်ဆောင်ပစ္စည်းတစ်ခုခုကို အစားထိုးပေးအပ်ပိုင်ခွင့်ရှိသည်။
၁၃။ အကယ်၍ တစ်စုံတစ်ယောက်သောသူတို့၏ နှောင့်ယှက်ဖျက်စီးမှု၊ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်စွက်ဖက်မှု၊ လိမ်လည်မှု၊ မရိုးသားမှု၊ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှု သို့မဟုတ် Promoter မှ ထိန်းချုပ်၍မရနိုင်သော အခြားအကြောင်းရင်းများကြောင့် Promotion ၏ စီမံခန့်ခွဲမှု၊ စိတ်ချလုံခြုံရမှု၊ တရားမျှတမှု၊ ရိုးသားမှုနှင့် အခြားသင့်လျော်သည့် ဆောင်ရွက်ဆောင်တာများကိုလုပ်ဆောင်နိုင်မှု စသည်တို့ကို ထိခိုက် ပျက်ပြားစေခဲ့၍ Promotion အားဆက်လက်ကျင်းပနိုင်ခြင်းမရှိပါက Promoter အနေဖြင့် ပါဝင်ခွင့်လုပ်ငန်းစဉ်အား ဝင်ရောက်စွက်ဖက်ခဲ့သော (သို့မဟုတ်) ဤစည်းမျဥ်းစည်းကမ်းများကို မလိုက်နာသော မည်သူကိုမဆို ၎င်းတို့၏ပါဝင်ခွင့်အား ဖယ်ရှားနိုင်မည့်အပြင် Promotionကို ပယ်ဖျက်ခြင်း၊ ဆိုင်းငံ့ခြင်း၊ ပြင်ဆင်ခြင်း စသည်တို့ကိုလည်း ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ ပါဝင်မှုများတင်သွင်းရာတွင် ဖြစ်ပေါ်လာနိုင်သည့် ပျောက်ဆုံးမှု၊ နှောင့်နှေးမှု၊ ထိခိုက်ပျက်စီးမှု၊ လွဲမှားစွာ ရောက်ရှိမှု မပြည့်စုံမှု (သို့မဟုတ်) နည်းပညာချို့ယွင်းခြင်းကြောင့်ဖြစ်စေ၊ ပေးပို့ရာတွင်ချို့ယွင်းချက်တစ်စုံတစ်ရာရှိခဲ့၍ဖြစ်စေ၊ အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ၊ တင်သွင်းမှုအားမပြုလုပ်နိုင်မှု စသည့်အရာများအတွက် Promoter မှ တာဝန်ယူမည်ဟုတ်ပါ။ ပေးပို့ထားသည့်အထောက်အထားအား ယင်းပေးပို့မှုအားလက်ခံရရှိကြောင်းထောက်အထားအဖြစ် သတ်မှတ်မည်မဟုတ်ပါ။ Promoter သည် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ဝင်ရောက်ရမည့် website သို့ ပါဝင်သူများအနေဖြင့် စဉ်ဆက်မပြတ် သို့မဟုတ် လုံခြုံစွာဝင်ရောက်နိုင်မည်ဟု အာမခံပေးမည်မဟုတ်ပါ။
၁၅။ ဤ Promotionအား Facebook (သို့) Instagram တို့မှ မည်သည့်နည်းနှင့်မှ ပံ့ပိုးကူညီထားခြင်း၊ ထောက်ခံအားပေးခြင်း၊ စီမံကွပ်ကဲခြင်းစသည်တို့ ပြုလုပ်ထားခြင်းမရှိသည့်အပြင် ၎င်းတို့နှင့်လည်း ဆက်စပ်မှုမရှိပါ။ သင်သည် Promoter ကို အချက်အလက်များ ပေးပို့ခြင်းဖြစ်ပြီး Facebook နှင့် Instagram ကို ပေးပို့ခြင်း မဟုတ်ကြောင်းနှင့် Facebook နှင့် Instagram တို့သည် ဤ Promotionနှင့် ပတ်သက်ပြီး မည်သည့်အစိတ်အပိုင်းအတွက်မှ တာဝန်မရှိပါ။
၁၆။ ပါဝင်သူများအနေဖြင့် ဤ Promotion တွင်ပါဝင်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများ၊ ကုန်ကျစားရိတ်များ၊ ဆုံးရှုံးနစ်နာမှုများ၊ ထိခိုက်ဒဏ်ရာရရှိမှုများ နှင့် ပြင်ပအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ဉာဏပစ္စည်းမူပိုင်ခွင့်များကို ချိုးဖောက်မှုများအတွက် ၎င်းတို့ကိုယ်တိုင် အပြည့်အဝတာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်သည်။
၁၇။ ဤ Promotion နှင့် စပ်လျဉ်း၍သော်လည်းကောင်း၊ ဆုလက်ဆောင်များကိုရယူခြင်း (သို့မဟုတ်) သုံးစွဲခြင်း စသည်တို့နှင့် စပ်လျဉ်း၍ သော်လည်းကောင်း၊ ပါဝင်သူများ ခံစားရနိုင်သည့် (သွယ်ဝိုက်၍ဖြစ်စေ၊ အထူးကန့်သတ်ချက်များကြောင့်ဖြစ်စေ၊ ပြစ်ဒဏ်ပေးခံရခြင်း သို့မဟုတ် နောက်ဆက်တွဲတာဝန်ယူရခြင်းများ၊ စီးပွားရေးအရနစ်နာဆုံးရှုံးမှုနှင့် အကျိုးအမြတ်များ စသည်တို့အပါအဝင်) ဆုံးရှုံးနစ်နာမှုများအတွက် Promoter ၊ ၎င်းနှင့်ပတ်သတ်ဆက်နွယ်လျက်ရှိသည့် အေဂျင်စီများနှင့် ကုမ္ပဏီများမှ (ယင်းဖြစ်ရပ်များ ဖြစ်ပေါ်လာမှုအပေါ် Promoter မှ ထိန်းချုပ်နိုင်သည်ဖြစ်စေ၊ မထိန်းချုပ်နိုင်သည်ဖြစ်စေ) ဥပဒေအရဖယ်ရှား၍မရနိုင်သည့်တာဝန်များမှလွဲ၍ တာဝန်ယူသွားမည်မဟုတ်ပါ။
၁၈။ ရန်သူငါးပါးဘေးအန္တရာယ်၊ ကမ္ဘာလုံးဆိုင်ရာ (သို့မဟုတ်) ဒေသတွင်း ကူးစက်ရောဂါ (သို့မဟုတ်) ကပ်ရောဂါဘေးအန္တရာယ်များ၊ ဆိုးရွားသော ရာသီဥတုအခြေအနေများ၊ မီးလောင်ကျွမ်းမှု၊ လုပ်ငန်းဆိုင်ရာအငြင်းပွားမှုများ၊ စစ်ပွဲများ၊ အကြမ်းဖက်လှုပ်ရှားမှုများ၊ ဆူပူမှုများ၊ နိုင်ငံရေးမငြိမ်သက်မှုများ၊ အဓိကရုဏ်းများ နှင့် လူထုအုံကြွမှုများ၊ ပလိပ်ရောဂါ (သို့မဟုတ်) အခြားသော သဘာဝဘေးဆိုးများ၊ Promoter ဘက်မှ အခြားသောအခြေအနေများ အပါအဝင် Promoter မှ ထိန်းချုပ်၍မရနိုင်သော အကြောင်းများကြောင့် ၎င်း၏ လုပ်းငန်းတာဝန်များကို လိုက်နာရန် နှောင့်နှေးခြင်း (သို့မဟုတ်) ပျက်ကွက်ခြင်းများရှိခဲ့ပါက Promoter တွင်တာဝန်မရှိစေရ။
၁၉။ ဤ Promotion အတွက် ရယူထားထားသော ကိုယ်ရေးကိုယ်တာဒေတာများအားလုံးကို ဤ Promotion အတွက်Promoter နှင့်/သို့မဟုတ် Promotion အားကျင်းပဆောင်ရွက်ရာတွင် ပံ့ပိုးကူညီပေးရန်အတွက် Promoter မှခန့်အပ်တာဝန်ပေးထားသော ကိုယ်စားလှယ်များမှသာ အသုံးပြုခွင့်ရှိမည်ဖြစ်ပြီး သင်၏ခွင့်ပြုချက်မရရှိဘဲ ဤ Promotion နှင့် ပတ်သတ်ဆက်နွယ်မှုမရှိသည့် အခြားသော လူပုဂ္ဂိုလ် (သို့မဟုတ်) အဖွဲ့အစည်း တစ်စုံတစ်ခုကိုမျှ ထုတ်ဖော်ပြသမည်မဟုတ်ပါ။ ပါဝင်သူများ၏ကိုယ်ရေးအချက်အလက်များကို Promoter ၏ သတင်းအချက်အလက် လုံခြုံရေးမူဝါဒနှင့်အညီ စီမံဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ မူဝါဒအား https://www.aia.com/en/index/privacy-statement.htmlတွင် ဝင်ရောက် ဖတ်ရှု လေ့လာနိုင်ပါသည်။
သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များအားလုံးကို Promoter ၏ ကိုယ်ရေးကိုယ်တာလုံခြုံမှု မူဝါဒ (https://www.aia.com/en/index/privacy-statement.html) အရ ထိန်းသိမ်းကိုင်တွယ်သွားမည်ဖြစ်ပါသည်။
၂၀။ ဤစည်းမျဥ်းစည်းကမ်းများတွင်ပါဝင်သည့် ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် ဥပဒေကြောင်းအရ ပျက်ပြယ်ခဲ့လျှင်ဖြစ်စေ၊ ဥပဒေနှင့်ညီညွတ်မှုမရှိတော့လျှင်ဖြစ်စေ၊ အကျုံးမဝင်တော့လျှင်ဖြစ်စေ၊ ယင်းပြဋ္ဌာန်းချက်များမှလွဲ၍ ကျန်ပြဋ္ဌာန်းချက်များမှာ မွမ်းမံပြင်ဆင်ခြင်းမရှိဘဲ ဆက်လက်အကျိုးသက်ရောက်မှုရှိစေရမည်။
၂၁။ ပါဝင်သူများအနေဖြင့် ဤ Promotion တွင်ပါဝင်ခြင်းဖြင့် ဤစည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပြီးဖြစ်ကြောင်း မှတ်ယူသွားမည်ဖြစ်သည်။
၂၂။ ဤစည်းမျဉ်းစည်းကမ်းများနှင့် ဤ Promotion အတွက် အသုံးပြုခဲ့သည့် အခြားသောဖော်ပြချက်တို့အကြားတွင် ကွဲလွဲမှုများရှိခဲ့လျှင် ဤစည်းမျဉ်းစည်းကမ်းများမှ လွှမ်းမိုးမှုရှိစေရမည်။
၂၃။ ဤစည်းမျဥ်းစည်းကမ်းများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများမှ လွှမ်းမိုးမှုရှိမည်ဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကျင့်သုံးမှုတို့သည် Promoter ၏ တစ်ဦးတည်း ဆုံးဖြတ်ချက်အပေါ် မူတည်မည်ဖြစ်ပြီး ဤစည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်၍ဖြစ်စေ၊ ဤ Promotion နှင့် ပတ်သက်သည့် မည်သည့်စည်းမျဉ်းစည်းကမ်းများ၊ မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်း၍ဖြစ်စေ Promoter ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
Promoter: AIA Myanmar Life Insurance Company Limited (“AIA Myanmar”)