MM
![](https://images.ctfassets.net/4whc9mwriuv2/1O42C9feg689BbNA4jdGYq/228094210f204c09da0c8d95c141818e/heading-4.png)
AIA အကြောင်း
ပိုမိုသိရှိရန်
![](/static/aia-tth-logo.png)
ဘောလုံးနဲ့ ကျန်းမာအောင်နေထိုင်ခြင်းကတစ်ဆင့် ပြည်သူများနှင့် ချိတ်ဆက်ခြင်း
AIA ဟာ Tottenham Hotspur ဘောလုံးအသင်းရဲ့ ဂျာစီစပွန်ဆာအဖြစ် ဂုဏ်ယူစွာနဲ့ ပံ့ပိုးထားပါတယ်။ Tottenham Hotspur ဟာ အာရှမှာ ပရိသတ်သန်းနဲ့ချီရှိတဲ့ အင်္ဂလိပ် ပရီးမီယားလိဂ်ရဲ့ ထိပ်တန်းအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။. ကျန်းမာတဲ့လူနေမှုဘဝပုံစံကို မြှင့်တင်ပေးတဲ့အခါ အားကစားဟာ အရေးပါတဲ့ ကဏ္ဍတစ်ခုအဖြစ်ရှိနေတာကို ကျွန်တော်တို့ လက်ခံထားပါတယ်။ ဘောလုံးကနေတစ်ဆင့် လူတွေရဲ့ ဘဝ ပြောင်းလဲတိုးတက်အောင် အသင်းအဖွဲ့စိတ်ဓာတ်၊ စည်းကမ်းနဲ့ ကြိုးစားအားထုတ်မှု၊ အားကစားသမားပီသမှု စတဲ့ ကောင်းကျိုးတွေကို ဆောင်ယူပေးသွားမှာပါ။. AIA အနေနဲ့ အာရှဒေသတွင်းရှိ ကျွန်တော်တို့ရဲ့ customer များနဲ့ လူမှုအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းမှုကောင်းတွေအများကြီး ဆောင်ကြဥ်းနိုင်ဖို့ ကြိုးပမ်းလာခဲ့တာ အခုဆို ရာစုနှစ်တစ်စုကျော်ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ ဒီလိုကြိုးစားမှုတွေရဲ့ နောက်ကွယ်မှာ ပိုမိုကောင်းမွန်ပြီး ကျန်းမာအသက်ရှည်တဲ့ ဘဝတွေရရှိစေနိုင်ဖို့ဆိုတဲ့ AIA ရဲ့ ရည်မှန်းချက်ပန်းတိုင်က ခွန်အားဖြည့်ထားပါတယ်။
AIA One Billion
၁ ဘီလီယံသော ပြည်သူများ ပိုမိုကောင်းမွန်ပြီး ကျန်းမာအသက်ရှည်တဲ့ ဘဝတွေကို ရရှိပိုင်ဆိုင်စေရန် ဆောင်ရွက်သွားရေး. အခု "AIA One Billion" ရည်မှန်းချက်ကတဆင့် ကျွန်တော်တို့အနေနဲ့ ၂၀၃၀ ခုနှစ်အမီ ၁ ဘီလီယံသော ပြည်သူများ ပိုမိုကောင်းမွန်ပြီး ကျန်းမာအသက်ရှည်တဲ့ ဘဝတွေကို ရရှိပိုင်ဆိုင်စေဖို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အာရှတွင် အကြီးဆုံး အသက်နှင့်ကျန်းမာရေး အာမခံကုမ္ပဏီဖြစ်သော AIA ဟာ တစ်ဦးချင်း ကျန်းမာသုခ တိုးတက်စေမယ့် လှုပ်ရှားမှုတစ်ခုကို စတင်ခြင်းဖြင့် လူမှုအသိုက်အဝန်းအတွင်း ပိုမိုရေရှည်တည်တံ့ခိုင်မြဲမယ့် အနာဂတ်တစ်ခုကို ပုံဖော်ပေးနိုင်ရန် ရည်ရွယ်ပါတယ်။ ပိုမိုကောင်းမွန်ပြီး ကျန်းမာအသက်ရှည်တဲ့ ဘဝတွေဆီသို့ လျှောက်လှမ်းမယ့်ခရီးမှာ ပါဝင်ဖို့ ပြည်သူတွေကို ဖိတ်ခေါ်အပ်ပါတယ်။. လူတိုင်း ပိုမိုကောင်းမွန်ပြီး ကျန်းမာအသက်ရှည်တဲ့ဘဝတွေ ရရှိအောင် ဆောင်ကြဉ်းပေးနိုင်ရမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်အတိုင်း AIA ဟာ Tottenham Hotspur နဲ့ ၂၀၁၃ မှာ တရားဝင်စပွန်ဆာစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။. ဒီမိတ်ဖက်ပူးပေါင်းမှုကနေတစ်ဆင့် အာရှတစ်ခွင်မှာ အားကစားလှုပ်ရှားမှုတွေကို မြှင့်တင်ဆောင်ရွက်သွားဖို့ ရည်ရွယ်ပါတယ်။ စပါးရဲ့ ထိပ်တန်းကစားသမားတွေနဲ့ အာရှမှာ ရှိတဲ့ ကလေးတွေကို ထိတွေ့စေပြီး ကျန်းမာတဲ့ နေထိုင်မှုပုံစံတွေကို မြှင့်တင်ပေးသွားမယ့်အပြင် စပါးအသင်းရဲ့ ဖွံ့ဖြိုးမှုဆိုင်ရာနည်းပြတွေကနေတစ်ဆင့် ဘောလုံးသင်တန်းတွေ ဖွင့်လှစ်ပြီး လူငယ်အားကစားသမားတွေကို သူတို့ရဲ့ အလားအလာအမြင့်ဆုံးထိ ရောက်ရှိအောင် ပြုလုပ်ပေးခြင်းတို့ ပါဝင်ပါတယ်။. AIA နဲ့ Tottenham Hotspur ဘောလုံးအသင်းတို့ရဲ့ မိတ်ဖက်ပူးပေါင်းမှုဟာ ဆယ်နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။.